ရင်သွေးငယ်တို့ အကြောင်း
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ ရင်သွေးငယ် ကနေ ကြိုဆိုပါသည်။ ခုလို လာပြီး ဖတ်ရှု အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
Facebook တွင် ကလေးနှင့်ပတ်သက်သော အချက်အလက်ကောင်း များစွာရှိသော်လည်း၊ အရာအားလုံးမှာ စုစုစည်းစည်း မရှိပါ။ ဟိုတစဒီတစနှင့် အင်မတန်ရှာရတာလည်း ခက်ပါသည်။ ဤအခက်အခဲများမှာ အခြားမိဘများလည်း တချိန်ချိန်တွင် ကြုံတွေ့လာနိုင်သော အခက်အခဲများဖြစ်ပါသည်။ ထိုအခက်အခဲများကို တထောင့်တနေရာမှ ကူညီနိုင်စေရန်အလို့ငှာ ရင်သွေးငယ်ကို တည်ထောင်ရခြင်းဖြစ်သည်။
ရင်သွေးငယ်ကို တည်ထောင်လာတဲ့ ရည်ရွယ်ချက် (၃) ချက် ရှိပါသည်။
- ၁။ အချက်အလက်များကို တနေရာထဲ စုစည်းထားပြီးနိုင်ဖို့
- ၂။ ကလေးစိတ်ပညာ အကြောင်းကို ပိုမို သိရှိနိုင်စေဖို့
- ၃။ မိဘ ကလေး ဆက်ဆံရေး ပိုကောင်းလာစေဖို့
ကျနော်တို့ ရင်သွေးငယ် ကို 2019 ဩဂုတ်လတွင် စတင် တည်ထောင်ပါသည်။ စိတ်ဝင်စားသူများ ဝင်ရောက် ပူးပေါင်းလိုသူများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ အခြားနေရာများမှ ကူးယူဖော်ပြခြင်းများ တွေ့ရှိပါက အကြောင်းကြားစေလိုပါသည်။ ကလေးများ အားလုံး ကျန်းမာ ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ကြပါစေ။
- မိဘတစ်ဦး ဆီမှ မိဘတစ်ဦး ဆီသို့
အထူးသတိပြုရန်
၁။ တစိတ်တပိုင်းဖြစ်စေ၊ အကုန်ဖြစ်စေ ပြန်လည်ဝေမျှလိုပါက ခွင့်တောင်းပါ။ ယဉ်ကျေးစွာတောင်းရင် မငြင်းပါ။
၂။ ခွင့်ပြုချက်မရှိဘဲယူတာခိုးတာပါပဲ။
၃။ credit ဟူ၍ပေးရုံမျှနှင့် မလုံလောက်ပါ။
သူ့အကျိုးဆောင်က ကိုယ့်အကျိုးအောင်သည်ဆိုသော စကားပုံကဲ့သို့ သူ၏အကျိုးကို စောင့်ရုံမျှနှင့် အသင်လိုအပ်သော အရာများသည် အလိုလိုဖြစ်လာသည်ကို အသင် တွေ့ရပေမည်။