ရင်သွေးငယ်
ရင်သွေးငယ် ကနေ ကြိုဆိုပါသည်
Category ပြုစုပျိုးထောင်ခြင်း
ဂီတာ တီးဖူးသူများ သိပါလိမ့်မည်။ ဂီတာတီးသူများက တီးခါနီးမှာ ဂီတာကြိုးညှိတာ မြင်ဘူးပါလိမ့်မည်။ ဘာကြောင့်ပါသလဲ။ ကြိုးပါသော တူရိယာ ပစ္စည်းများသည် တင်းလွန်းလျှင် မကောင်း၊ လျော့လွန်းလျှင် အသံမမည်တတ်ပါ။ ကြိုး မတင်းမလျော့သော အနေအထား ရှိမှသာ အသံကောင်း ထွက်လာမည် ဖြစ်သည်။ ထိုနည်းတူပင် ကလေးတစ်ယောက်ကို အပြစ်ဒဏ်ပေးရာတွင် သူနှင့် သင့်တော် ထိုက်တန်မည့် ဒဏ်ပေးရန် လိုအပ်ပေသည်။...
ပွင့်ပွင့်လင်းလင်း ပြောမယ်။ မိဘအုပ်ထိန်းရတဲ့ အလုပ်ဟာ တကယ်ပင်ပန်းလှပါတယ်။ ကလေးမွေးဖို့ ကိုယ်ဝန်ဆောင်ကာလကနေ ကလေး ကြီးလာသည်အထိ အားသွန်ခွန်စိုက်နဲ့ ကြိုးစားလာလိုက်ရတာ။ တကယ်ပင်ပန်းလှပါတယ်။ သတင်းကောင်းတစ်ခုက ကျွန်တော်တို့တွေက ကလေးကို ပြုစုပျိုးထောင်နည်းတွေ တစ်မျိုးပြီး တစ်မျိုး ရှာဖွေနေပေမယ့်၊ သားသမီးတွေရဲ့ အခြေခံ လိုအပ်ချက်တွေကတော့ မပြောင်းလဲကြပါဘူး။ ချစ်ခြင်းမေတ္တာ ၊ အကြင်နာ၊ လုံခြုံစိတ်ချမှု ၊ လမ်းညွှန်မှု နှင့်...
စင်္ကာပူ ကျောင်းအုပ်ဆရာကြီးက စာမေးပွဲတစ်ခု မတိုင်ခင် ကျောင်းသားကျောင်းသူများ၏ မိဘတွေဆီကို ပေးပို့ခဲ့တဲ့ စာလေးတစောင်ပါ။
လူကြီးတွေအများစု ယူဆထားတာက ကလေးတွေကို စည်းကမ်းတင်းကြပ်မှ လူတော်လူကောင်းလေးတွေဖြစ်လာနိုင်မယ် ဆိုပေမယ့်လည်း တဖက်မှာတော့ ဒီလိုအုပ်ထိန်းမှုမျိုးကို တသတ်မှတ်တည်းကျင့်သုံးနေမယ်ဆိုရင်တော့ ကလေးတွေဟာ ကိုယ့်ကိုကိုယ် တန်ဖိုးမထားတော့ဘဲ ပိုဆိုးလာတယ်လို့ သုတေသနပြုချက်တွေမှာ လေ့လာတွေ့ရှိရပါတယ်။ တခြားကလေးတွေထက် ပိုဆိုးလာလေလေ ပိုအပြစ်ပေးခံရလေနဲ့ သံသရာလည်နေတော့မှာပါ။
“ကလေးတစ်ယောက်ကို အရည်အချင်းပြည့်ဝအောင်၊ ယုံကြည်မှုရှိအောင်၊ နေပျော်အောင်နဲ့ သူ့ဘဝရဲ့ရည်မှန်းချက်ဘာလဲဆိုတာ သိအောင် ပံ့ပိုးပေးတာက မိဘတိုင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်”လို့ Susan Stiffelman က ဆိုပါတယ်။ (Susan ဟာ ကလေးပညာရေးဆိုင်ရာကျွမ်းကျင်ကုသသူနဲ့ Parenting Without Power Struggle ရဲ့ စာရေးဆရာမတယောက်ဖြစ်ပါတယ်။) ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးဖို့က သူကျောင်းစမတက်ခင် အိမ်မှာမိဘနဲ့ အတူနေစဉ် အချိန်တွေဟာ အင်မတန်အရေးကြီးပါတယ်။ ကျောင်းပညာရေးမှာ...
Category လူမှုအသိုင်းအဝိုင်း
ကျောင်းက ဆရာမက ပြောတော့ ပထမ အံ့သြမိတယ်။ နောက် စိတ်လည်း ငြီးငြူသွားမိတယ်။ ကလေး အိမ်မှာ ဗိုလ်ကျတတ်တာမှန်း သိပေမယ့်၊ ကျောင်းမှာ တခြား ကလေးတွေ အပေါ် ဗိုလ်ကျ အနိုင်ကျင့်တယ်ဆိုတော့ မယုံချင်သလိုလို။ နောက် ဒီသတင်းက တဖြည်းဖြည်း တခြား မိဘတွေဆီကပါ အသံတွေ ထွက်လာတယ်။ ကျွန်မ ကလေးက လူတွေ မကြိုက်တဲ့၊...
ဆယ်နှစ်အရွယ် ရှိသော မောင်ငယ်တစ်ယောက် ခုတလော သူ့ အမေဆီက မုန့်ဖိုး တိုးပြီး တောင်းနေသည်။ သူ့ ကြည့်ရတာ ပုံမမှန်။ ကျောင်းက ပြန်လာလျှင် ကမန်းကတမ်းပင် မီးဖိုချောင်ထဲ ဝင်ကာ စားစရာ ရှာသည်။ ပိုပြီး ပိန်လာသလိုလည်း ရှိသည်။ အမြဲပင် ဆာလောင်နေသလိုလို။ အကြောင်းရင်းမှာတော့ သူ့ မုန့်ဖိုးကို ကျောင်းသားကြီး တစ်ယောက်က အနိုင်ကျင့်ပြီး...
ကျွန်တော့် သားလေးမှာ မွေးရာပါ နှုတ်ခမ်းကွဲ ပါတော့၊ တခြား ကလေးတွေက သူ့ကို ဝိုင်းပြီး စနောက်ကြပါတယ်။ သားလေးက ဒါကြောင့် စိတ်ဆင်းရဲနေပါတယ်။ သားလေးကို ဘယ်လို လုပ်ပေးရင် ကောင်းမလဲ ဆရာ။
သင့်ပတ်ဝန်းကျင်မှာ ကလေးတွေက တခြားသူတွေနဲ့ ပြောဆို၊ ဆက်ဆံတဲ့အခါ အချို့က ရင်းရင်းနှီးနှီးရှိပြီး၊ အချို့က ရှက်သလို၊ ကြောက်သလို ပုံစံမျိုး ဖြစ်နေတာ သတိထားမိပါသလား။ ကလေးတိုင်းရဲ့ ပေါင်းသင်းဆက်ဆံရေးက မတူကြပါ။ သင်ယူနိုင်တဲ့ စွမ်းရည်ကလည်း အသက်နဲ့အလိုက် ကွာခြားပါသေးတယ်။ Social Rules for Kids ကို ရေးသားသော ဆရာမ Dr. Susan Diamond...
မင်္ဂလာပါ … ကျွန်မမှာ ကလေး နှစ်ယောက် ရှိပါတယ် ဆရာ။ သူတို့ကို ပျော်ပျော်ရွှင်ရွှင်နှင့် လိမ်မာ ယဉ်ကျေးသော သူတွေအဖြစ် ကြီးပြင်းလာတာကို မြင်လိုပါတယ်။ တစ်ယောက်ကို ကြည့်ရတာ တကိုယ်တည်း ဆန်ပြီး၊ တခြားသူတွေကို စိတ်ဝင်စားပုံ မပြဘူး။ နောက်တစ်ယောက်ကျတော့ ကျောင်းမှာ ငစွာကြီး ဖြစ်နေတယ်။ သူတို့ ကြီးလာရင် အပေါင်းအသင်း မဝင်ဆန့်မှာကို စိုးရိမ်မိတယ်။...
ကျမ အိမ်ထောင်ကျပြီး၊ သားလေးမွေးတော့ အသက်က သုံးဆယ်နား ကပ်နေပြီ။ ကလေး သာ ရလာတယ်။ ကလေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံရယ် ဆိုလို့ အိမ်ဘေးနားက ကလေးလေးတွေကို ကူထိမ်းပေးတာလောက်ပဲ ရှိတာ။ ခုလို ဒူးတွေ့၊ လက်တွေ့ ဖြစ်လာတော့ ဘာလုပ်လို့ လုပ်ရမယ်ဆိုတာတောင် ကောင်းကောင်း မသိပါဘူး။
“… ဒါကတော့ မတရားဘူးဖေဖေ။ သူများတွေကတော့ ကစားကွင်း သွားလို့ရပြီး၊ သားကတော့ ဘာကြောင့် မရတာလဲ။ …” “… သော်ဇင် ရဲ့မေမေက မေမေ့ထက်ပိုကောင်းတယ်။ သူ့ကို သူ့မေမေက နောက်ဆုံးပေါ် အိုင်ဖုန်း ဝယ်ပေးတယ်။ … “ “… ဇူးဇူး နဲ့ ဝိုင်းဝိုင်း ကတော့ ည ၉နာရီ ခွဲအထိ အပြင်ထွက်လို့ရ...
အရှေ့တိုင်းသားတွေဟာ သားသမီးတွေအတွက် အစားအသောက်၊ အဝတ်အစား၊ စာရေးကိရိယာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကို လိုလေးသေးမရှိဖြည့်ဆည်းပေးနိူင်ကြပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ တစ်ဦးချင်စီရဲ့ စိတ်ခံစားမှုကိုတော့ သိပ်အလေးမထားကြတာကိုတွေ့ရပါတယ်။ အဲလိုအလေးထားရမယ့်အစား၊ “ပြောစကား နားထောင်၊ ခိုင်းတာလုပ်” ဆိုတဲ့ ပုံစံထဲ ရိုက်သွင်းထားတတ်ကြပါတယ်။ ဒါဟာ အာရှသားတွေရဲ့ မိသားစုဖွဲ့စည်းမှုပုံစံကြောင့်လည်း ဖြစ်ပါတယ်။ အိမ်တစ်အိမ်၊ မိသားစုတစ်ခုမှာ ကြီးစဉ်ငယ်လိုက် သြဇာသက်ရောက်ပြီး အများအားဖြင့်...
Category စည်းကမ်း
ကျွန်တော်တို့ မြန်မာ အသိုင်းအဝိုင်းမှာ ကလေးကို ရိုက်ပြီး ဆုံးမတာ မကြာခဏ တွေ့ရပါ၏။ ကျွန်တော်တို့ ငယ်ငယ်က အရိုက်မခံဘူးသူ ဆိုတာ အင်မတန် ရှားပါဘိ။ “အိုးကောင်းလိုရင် နာနာရိုက်” တဲ့။ ကလေးတွေကို ရိုက်နှက်ပြီး ဆုံးမတာကို အားပေးစကားမျိုးတောင် ထားခဲ့ဘူး၏။ လူကြီးလွန်သလား ဆိုသောလည်း အကုန် မမှန်။ တချို့ကလေးတွေက အလွန်ပင် ဆိုး၏။ တုတ်ကြီးကြီးနှင့်...
ကျွန်မ ဂျပန်ကို စပြီး ပြောင်းလာကာစက ဂျပန်ကလေးတွေ မွေးကတည်းက လိမ်မာလိုက်တာ၊ စည်းကမ်းရှိလိုက်တာလို့ ထင်မိပါတယ်။ ဒီကလေးတွေဟာ ပိစိကွေးလေးတွေထဲက မိဘတွေကို ရိုသေတယ်၊ စည်းကမ်း လိုက်နာတယ်၊ တိတိကျကျ ရှိတယ်လို့တောင် မြင်ယောင်နေမိပါတယ်။
နော်ဝေ နိုင်ငံသည် အနောက် ဥရောပ နိုင်ငံ တစ်ခုဖြစ်ပြီး၊ ၂၀၁၈ ကမ္ဘာ့ ကုလသမဂ္ဂ၏ ကလေးများ ပြုစု ပျိုးထောင်ရန် အကောင်းဆုံး နိုင်ငံများတွင် အဆင့် (၃) နေရာမှ ရရှိထားသော နိုင်ငံလည်း ဖြစ်သည်။ ရှေးယခင်က Viking ခေါ် လူကြမ်းကြီးများ ကျင်လည်ကျတ်စားခဲ့သော နေရာလည်း ဖြစ်သည်။ ၎င်း ယဉ်ကျေးမှု၊ ဓလေ့...
“သားသမီး မကောင်း မိဘခေါင်း” တဲ့။ မိဘ တယောက် အနေနဲ့ သားသမီးကို လိမ္မာရေးခြား ရှိအောင် သွန်သင်ပေးဖို့ တာဝန် ရှိပါတယ်။ ကျနော်တို့ဆီမှာလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလေးကို လိမ္မာရေးခြား ရှိအောင် သွန်သင် ဆုံးမ ကြပါတယ်။ ဒီတခေါက်မှာတော့ အမေရိကန် ကလေး အထူးပြု အဖွဲ့အစည်း တစ်ခုက ကလေးကို သွန်သင် ဆုံးမရာမှာ...
ဘဝမှာ တစ်ခါတစ်လေ ခက်ခဲတဲ့အချိန်မျိုး၊ မအောင်မြင်တဲ့အချိန်မျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အားတင်းရင်း၊ အတွေ့အကြုံဟောင်းတွေကို အသုံးချပြီး ပိုမို ကောင်းမွန်လာအောင် ကြိုးစားရပါတယ်။ ဒီလို အခက်အခဲတွေဟာ မိသားစုကိုပါ ထိခိုက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အချိန်မျိုးပေါ့။ အဲဒီအခြေအနေမျိုးမှာ မိသားစု မပြိုကွဲအောင် ထိမ်းနိုင်သလား၊ ဒါမှမဟုတ် စိတ်ဖိစီးမှု အောက်မှာပြိုကွဲသွားသလား ဆိုတာက သင့်မြတ်ပျော်ရွှင်တဲ့ မိသားစု၊ နွေးထွေးသော...
Category ကျောင်းဘဝ
အရင်ဆုံး သင်သိထားရမှာက ဘာကြောင့် ကလေး ကျောင်းမပျော်တာလဲ ဆိုသော အကြောင်းရင်းကို ရှာဖို့ ဖြစ်ပါသည်။ စာ မလိုက်နိုင်တာလား။ တခြား ကလေးတွေနှင့် ပြဿနာ ရှိနေလို့လား။ ဆရာ/မ တွေကို မကြိုက်လို့လား။ စာကို စိတ်မဝင်စားတာလား။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်နေသလား။ ဒါတွေ အားလုံးသည် ကလေးကို ကျောင်းမပျော်စေသော အကြောင်းရင်းများ ဖြစ်လေ့...
ကျနော်တို့ ငယ်ငယ်တုန်းကတော့ ရှင်းသည်။ ဘယ်ကျောင်းမှ ထွေထွေထူးထူး ရွေးစရာမရှိပါ။ အခုတော့ ကျောင်းတွေ အများကြီးဖြစ်လာလိုက်တာ။ အစိုးရကျောင်းတွေရော ပုဂ္ဂလိကကျောင်းတွေရော ကျောင်းတွေ များတော့ မိဘတွေအတွက် ရွေးစရာ ပိုပြီးတော့ များလာတာပေါ့။ ကောင်းလည်း ကောင်းတယ်၊ စိတ်လည်း ပိုရှုပ်လာတာပေါ့။ ဘယ်ကျောင်း ရွေးရမလဲဆိုတာ စဉ်းစားလာရပြီ။
Category ဆယ်ကျော်သက်
သင့်ကလေး ငယ်ငယ်က သင့်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရှိသလောက်၊ ဆယ်ကျော်သက်ထဲ ရောက်လာတော့ အရမ်း စိမ်းကားလာသလား။ အရင်က သင်နှင့် စကားတွေ ရေပတ်မဝင် ပြောခဲ့သလောက်၊ အခု စကားလုံးတွေ နည်းလာနေသလား။ သင် မေးခွန်းတွေ မေးတိုင်း မဖြေချင်သလိုလိုနှင့် “အင်း… ဟုတ်” စကားလုံးလေးတွေနှင့်ပဲ ပြန်ဖြေနေတတ်ပြီလား။ သူတို့နှင့် စကားပြောရတာ အရမ်းကို ပင်ပန်းနေပြီလား။...
အဖေနဲ့သမီးကြားဆက်ဆံရေးက ဆန်းကြယ်တယ်တဲ့။ သမီးတို့အတွက် စံပြအမျိုးသားပုဂ္ဂိုလ်တစ်ဦးရဲ့ပုံစံ၊ ဘဝလမ်းတွဲဖော်ရွေးချယ်ရေးစိတ်သဏ္ဌန်မှာ ဖခင်ရဲ့ပုံရိပ်ဟာ လွှမ်းမိုးမှုရှိပါတယ်။
Category လူလားမြောက်သောအရွယ်
သမီးလေးရေ… အိမ်ထောင် ပြုတယ် ဆိုတာ မိသားစုနှစ်စု ပါဝင်ပတ်သက်လာတတ်တယ်။ သာယာတဲ့ အိမ်ထောင် တစ်ခု တည်ဆောက်မယ်ဆိုရင် သူ့ဘက်၊ ကိုယ့်ဘက် အနည်းနဲ့အများ ပြုပြင်ရသလို၊ အနည်းဆုံး နှစ်ဖက်မိဘတွေနဲ့ အဆင်ပြေရင် သမီးလေးအတွက် အိမ်ထောင် ပိုပြီး သာယာတာပေါ့။ ဒါပေမယ့်လည်းလေ လောကကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာတော့ ရှားတယ်။ အထူးသဖြင့် မိမိနဲ့ သူ့မိဘတွေ ကြားမှာ ပြဿနာတွေကတော့...
Category ငွေကြေး
တချို့နိုင်ငံများတွင် ကလေးကို ငယ်စဉ် ကာလကပင် ငွေကြေးနှင့် ပတ်သတ်၍ ရင်းနှီးမှု ရှိအောင် ကြိုတင် သင်ကြားပေးလေ့ ရှိသည်။ အထူးသဖြင့် နောက်ပိုင်းတွင် စာသင်ကျောင်းများမှာပင် ငွေကြေးနှင့် ပတ်သတ်၍ အခြေခံ သဘောတရားများကို သင်ကြားပေးလာကြသည်။ ကျွန်တော်တို့ ငယ်ငယ်က ကလေး ငွေကိုင်တာကို မကြိုက်။ တခါတလေ ဧည့်သည်က မုန့်ဖိုးပေးသွားလျှင်ပင် ဧည့်သည် ပြန်သွားသည်နှင့် မိဘများက...