ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

ကျောင်းဘယ်လိုရွေးမလဲ

ကျောင်းဘယ်လိုရွေးမလဲ

ကျနော်တို့ ငယ်ငယ်တုန်းကတော့ ရှင်းသည်။ ဘယ်ကျောင်းမှ ထွေထွေထူးထူး ရွေးစရာမရှိပါ။ အခုတော့ ကျောင်းတွေ အများကြီးဖြစ်လာလိုက်တာ။ အစိုးရကျောင်းတွေရော ပုဂ္ဂလိကကျောင်းတွေရော ကျောင်းတွေ များတော့ မိဘတွေအတွက် ရွေးစရာ ပိုပြီးတော့ များလာတာပေါ့။ ကောင်းလည်း ကောင်းတယ်၊ စိတ်လည်း ပိုရှုပ်လာတာပေါ့။ ဘယ်ကျောင်း ရွေးရမလဲဆိုတာ စဉ်းစားလာရပြီ။

တချို့မိဘတွေအတွက်ကတော့ အလွယ်လေး စဉ်းစားတယ်။ အိမ်နဲ့ အနီးဆုံးကျောင်းကိုပဲ ရွေးပြီးထားလိုက်တယ်။ ဒါမှမဟုတ် သူတို့ငယ်ငယ်က တက်လာခဲ့တဲ့ကျောင်းမှာ ပြန်ထားလိုက်တာပဲ။ တစ်ချို့မိဘတွေကတော့ ပိုပြီး ကောင်းတဲ့ကျောင်းကို ရှာပြီးထားချင်တယ်။ သင်အနေနဲ့ကော သင့်ကလေးကို ဘယ်ကျောင်းမှာ ထားချင်ပါသလဲ။

ကျောင်းရွေးတော့မယ်ဆိုရင် ဒီတွေကို ထည့်သွင်း စဉ်းစားပါသလား။

မိမိရဲ့ ပညာရေး ယုံကြည်ချက်

ကလေးကို ဘာသာရေးကျောင်းမှာ ပညာသင်စေချင်လား။ အိမ်မှာ ဆရာခေါ်ပီး စာသင်စေချင်လား။ သင်ကြားနည်း တခုခုကို သဘောကျသလား။

လက်တွေ့ကျကျ စဉ်းစားခြင်း

ကျောင်းနှင့် အိမ်ဝေးသလား။ အချိန် ဘယ်လောက်ပေးရမလဲ။ သွားရလာရတာ လွယ်သလား။ ကလေးရဲ့ သူငယ်ချင်းတွေကရော ဘယ်ကျောင်းကို ရွေးလဲ။

ကျောင်းနဲ့ပတ်သက်သော အချက်အလက်များ

ကျောင်းကဘယ်လောက်ကြီးသလဲ။ ကျောင်းသားဦးရေ များလား။ ကျောင်းမှာ ကလေး အတွက် ဘယ်လို အထောက်အကူပြု ပစ္စည်းတွေ ရှိသလဲ။ ကစားကွင်း ရှိလား၊ စာကြည့်တိုက်တွေရှိလား။ အားကစားနဲ့ ပတ်သက်တဲ့ အစီအစဉ် နေသလား။ ကျောင်းရဲ့ အောင်ချက်ကောင်းသလား။ ကျောင်း နာမည်ရှိသလား။ မသန်စွမ်းတဲ့ ကလေးတွေကော ဘယ်လို ကူညီပေးထားသလဲ။

ကျောင်းနဲ့မိဘ ဆက်ဆံရေး

မိဘ ဆရာ ဆက်ဆံရေး ဘယ်လို ရှိသလဲ။ ကျောင်းသားတွေအပေါ် ဘယ်လို ဆက်ဆံသလဲ။ ကျောင်းသားတွေအပေါ် ဘယ်လောက်ဂရုစိုက်နိုင်သလဲ။ တစ်ခါတရံ နာမည်ကြီး ကျောင်းတိုင်းလည်း ကလေးအတွက် အကောင်းဆုံး မဖြစ်နိုင်ပါဘူး။

အတန်းလိုက် အချက်အလက်များ

အတန်းထဲ လူများရင် ဂရုစိုက်မှု နည်းတာ ခံရတတ်ပါတယ်။ ဒါပေမယ့် ကျောင်းသားဦးရေ နည်းတိုင်းလည်း ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဆရာ ကျောင်းသားကြားထဲက နွှေးထွေးသော ဆက်ဆံရေး နှင့် ကောင်းမွန်သော သင်ကြားပို့ချမှုများက ပိုပြီးအရေးကြီးပါတယ်။ အရေအတွက်ထက် အရည်အချင်းက ပိုပြီးအရေးကြီးပါတယ်။

ယောက်ျားလေး မိန်းကလေး သီးသန့်ကျောင်း

သီးသန့်ကျောင်းက ပိုကောင်းသည်၊ ပိုဆိုးသည်ဆိုပြီး အတတ် မပြောနိုင်ပါဘူး။ အရေးကြီးသည်က ကျောင်းရဲ့ ကျောင်းအုပ်နှင့် ဆရာများသွန်သင်ဆုံးမမှုရယ်၊ သင်ကြားပို့ချမှုများက ပို၍အရေးပါသည်။ ခလေး၏ ပင်ကိုယ်ကလည်းအရေးပါသည်။

ကျောင်း၏စရိုက် အားသာချက်

ကျောင်းတကျောင်းနှင့်တကျောင်း စရိုက် အားသာချက် မတူတတ်ကြပါ။ အချို့ကျောင်းများက ကျောင်းစာ ပညာရေးကို ဦးစားပေးသလို၊ အချို့ကျောင်းများက ဘာသာရေး၊ အားကစား ပိုပ​ြီး အားပေးတတ်ပါတယ်။ အဓိကကတော့ မိမိနှင့်ကလေး ဘယ်မှာ ပိုစိတ်ဝင်စားပြီး၊ အားသာတယ် သိဖို့လိုပါတယ်။ ကျောင်း အားသာချက်နှင့် ကိုက်ညီရင် ကလေးအတွက် ရှေ့ရေး ပိုကောင်းပါတယ်။